Power factor အကြောင်း သိကောင်းစရာ

Power factor အကြောင်းသိကောင်းစရာ
=======================================
လျှပ်စစ်မှာ AC နဲ့ DC ဆိုပြီး 2 မျိုးရှိတာလူတိုင်းနီးပါးသိကြပြီးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းအများဆုံး အဓိကအသုံးပြုနေတာကတော့ AC လျှပ်စစ်ဖြစ်ပါတယ်။
DC လျှပ်စစ်စနစ်တွင် လျှပ်စစ်ပစ္စည်းများ၏ Voltage နှင့် Ampere ရယူမှုသည် တစ်ထပ်တည်းကျသောကြောင့် Inphase ဖြစ်သည်ဟုခေါ်ပါသည်။
ထို့အတူ AC လျှပ်စစ်စနစ်တွင်လည်း Pure resistance ရှိသော လျှပ်စစ်ပစ္စည်းများ၏ Voltage နှင့် Ampere တို့သည် လည်း Inphase ဖြစ်ပါသည်။
Electrical Circuit လို့ခေါ်တဲ့ လျှပ်စစ်စီးဆင်းရာလမ်းကြောင်းထဲကို လျှပ်စစ်တွန်းအား(Voltage) One Volt ပေးလွှတ်တဲ့အခါ လျှပ်စီးကြောင်း(Current)ပမာဏ One Ampere စီးသွားတယ်ဆိုရင် လျှပ်စစ်စွမ်းအား( Power) One Watt အသုံးပြုနေတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။ {P=VI}ပေါ့
ဒါကတော့လျှပ်စစ်စွမ်းအား(Power)ကိုတိုင်းတဲ့အခြေခံယူနစ်ပါ။Power ပမာဏများလာတဲ့အခါ kW,MW တွေနဲ့ဖော်ပြခဲ့ကြပါတယ်။
သို့သော်AC လျှပ်စစ်စွမ်းအားသည် DC လျှပ်စစ်စွမ်းအားလိုမရိုးစင်းပါဘူး။ AC လျှပ်စစ်စနစ်တွင် Inductance Resistance (Xl) ရှိသောလျှပ်စစ်ပစ္စည်းများနှင့် Capacitance Resistance (Xc) ရှိသောလျှပ်စစ်ပစ္စည်များသည် စွမ်းအင်ထုတ်လုပ်ပြောင်းလဲရန်အတွက် Volt နှင့် Ampere တို့သည် တစ်ထပ်တည်းမကျတော့သောကြောင့် ယင်းတို့အကြားရှိ အချိန်တစ်ခုကို Electrical Degree ဖြင့်သတ်မှတ်ပြီး ယင်းdegree Cosine(Cos) တန်ဖိုးကို factor ဖြင့်တွက်ချက်ယူပြီး ရရှိသည့်တန်ဖိုးသည် လျှပ်စစ်ပစ္စည်းတစ်ခု၏စွမ်းအင် power ထုတ်လုပ်မှု အတွက် factor ကိန်းတစ်ခုဖြစ်ပြီး power factor ဟုခေါ်ပါသည်။
Power factor 1 (Unity power factor) သည် Volt နဲ့ Ampere တို့တစ်ထပ်တည်းကျသည့်အခြေအနေဖြစ်ပါသည်။ ယေဘုယျအားဖြင့် power factor ကို ဒဿမဂဏန်းဖြင့်ဖော်ပြပါသည်။ Inducatnce Resistanceရှိသော လျှပ်စစ်ပစ္စည်းများတွင် Ampere သည် Volt နောက်တွင်ရှိသဖြင့် lagging power factorရှိနေသည် ဟုခေါ်ပါသည်။ Capacitance Resistance ရှိသောလျှပ်စစ်ပစ္စည်းများတွင် Ampere သည် Volt ၏ရှေ့တွင်ရှိသဖြင့် leading power factorရှိနေသည်ဟုခေါ်ဆိုကြပါသည်။ Power factor သည် leading ပဲဖြစ်စေ lagging ပဲဖြစ်စေ AC circuit များတွင် အမြဲထည့်သွင်းတွက်ချက်ရပါသည်။
နောက်တစ်နည်းပြောမယ်ဆိုရင် AC circuit များတွင် Inductive load , Capacitive load တွေကြောင့် အကျိုးပြုစွမ်းအား (ActivePower) နဲ့ အကျိုးမဲ့စွမ်းအား (Reactive Power) ဆိုပြီးရှိပါတယ်။ သူ့ကိုအသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းအမျိုးအစားပေါ်လိုက်ပြီး သူရဲ့ Active Power ရရှိမှုပမာဏကမတူညီတော့ပါဘူး။ AC လျှပ်စစ်စနစ်မှာ Active Power နဲ့ Reactive Power နှစ်မျိုးဟာအတူဒွန်တွဲရှိနေပါတယ်။ အကျိုးပြုစွမ်းအား(Active Power) များလေလေ ကောင်းလေလေပေါ့။ ဒီလိုActive Power နဲ့ Reactive Power ဒွန်တွဲရှိနေတဲ့အတွက် P=VI (Watt) ဆိုတဲ့ယူနစ်ဟာနေရာတိုင်းမှာမမှန်တော့ပါဘူး။
Source ဘက်မှထွက်လာသော Electrical energy သည်လျှပ်စစ်ပစ္စည်း(load)ထဲသို့ရောက်သောအခါ load သည်တချို့သော Electrical energy များကိုတိုက်ရိုက်သုံးစွဲပြီး တချို့သော energy များကိုခေတ္တသိုလှောင်ထားသည်။ ထိုသို့သိုလှောင်ထားပြီး ပြန်လည်သုံးစွဲသောအခါ တချို့ကိုသာသုံးစွဲပြီး ကျန်Electrical energy များကို တစ်နည်းနည်းဖြင့်ပြင်ပသို့ပြန်လည်ထုတ်ပစ်တတ်ကြသည်။
ထိုသို့ပြန်လည်ထုတ်ပစ်သော Energy များသည် Source ဘက်သို့ပြန်လာတတ်သလို တခြားတစ်နည်းဖြင့်ပြင်ပသို့ ထွက်သွားတတ်ပါသည်။ ထို့ကြောင့်Source နှင့် load အကြားတွင်ဖြစ်တည်နေသော power flow ကိုလေ့လာရပါမည်။ Source မှပေးလိုက်သော power နှင့် load မှတကယ်သုံးစွဲသော power အကြား မတူညီမှုကိုအခြေခံ၍ ထို power နှစ်ခု၏အချိုးကို power factor ဟူသောဝေါဟာရဖြင့်သတ်မှတ်လာကြပါတယ်။
ထို့ကြောင့် power factor သည် load မှတကယ်သုံးစွဲသော Real power(Active power)(P)ကို Source ဘက်မှပေးလိုက်သော Apparent power(S)ဖြင့်စား၍ရလာသောကိန်းဂဏန်းတစ်ခုဖြစ်ပါသည်။
{ pf = P/S } ထို့ကြောင့် load သည်sourceဘက်မှပေးလိုက်သော power ကိုအပြည့်အဝသုံးပါက power factor တန်ဖိုး 1 (unity power factor)ဟုခေါ်ဆိုကြပြီး အကုန်မသုံးပါက power factorတန်ဖိုးသည် 1အောက်ငယ်မည်ဖြစ်ပါသည်။
Unity power factor ဆိုရင်တော့ Voltage နဲ့ Ampere တို့ inphase ဖြစ်တဲ့condition ဖြစ်တဲ့အတွက် best condition ပေါ့။ Power factor correction လုပ်ဖို့ တစ်နည်အားဖြင့်ပြောရရင် power factor တန်ဖိုး 1 မရရင်တောင် 0.8, 0.85 လောက်ထိရအောင် capacitor bank တွေခံပြီး power factor correction လုပ်ကြပါတယ်။
Power factor တန်ဖိုး 1 ရရင်ဘာကြောင့်အကောင်းဆုံးဖြစ်ရသလဲဆိုရင်-
ဥပမာ။ load သည် 40W, pf=0.6 ရှိတယ်ဆိုရင် S=P/pf နဲ့တွက်ရင် S=40/0.6=66.67kVA ရှိပါတယ်။
အကယ်၍ pf သည် 1ဖြစ်မယ်ဆိုရင် S=P=40kVA ရှိပါတယ်။ ဒီတော့ pf 0.6 condition နဲ့ pf 1 condition နှစ်ခုကိုနှိုင်းဆကြည့်လျှင် pf 0.6 condition သည် 26.67kVA ပိုစားနေပါတယ်။ ထို26.67kVAသည် လေလွင့်ဆုံးရှုံသွားတဲ့ အကျိုးမဲ့စွမ်းအားတွေဖြစ်ပါတယ်။ အဲ့တော့မလိုလားအပ်ပဲ စွမ်းအားတွေအလဟသတ်ဖြုန်းတီးသလိုဖြစ်နေတာပေါ့။
ဘီယာခွက်နဲ့ဥပမာပေးမယ်ဆိုရင် ဘီယာခွက်ရဲ့အပေါ်ယံကအမြုပ်တွေဟာ Reactive power တွေပေါ့။
ဒီတော့ အကျိုးမဲ့စွမ်အား Reactive power (kVAR) တန်ဖိုးကိုမဖြစ်မနေလျှော့ဖို့ power factor ကောင်းအောင်လုပ်ဖို့လိုပါတယ်။
သုံးစွဲသည့် load ရဲ့ characteristics ပေါ်မူတည်ပြီး power factor သဘာဝမတူပုံကို နောက်post တွင်ဆက်လက်ဖော်ပြပေးပါမည်။

Thx you for your reading.

Leave a Comment